ကမာၻေစ်းကြက္ထဲ ထပ္မံဝင္ေရာက္လာခဲ့တဲ့ Made in Myanmar အမွတ္တံဆိပ္ ( သုိ့မဟုတ္ ) ျမန္မာႏိုင္ငံထုတ္ တံတားသံေပါင္မ်ားအား အာဖရိကႏိုင္ငံသို႔ တင္ပို႔ေတာ့မည္

ကမာၻေစ်းကြက္ထဲ ထပ္မံဝင္ေရာက္လာခဲ့တဲ့ Made in Myanmar အမွတ္တံဆိပ္ ( သုိ့မဟုတ္ ) ျမန္မာႏိုင္ငံထုတ္ တံတားသံေပါင္မ်ားအား အာဖရိကႏိုင္ငံသို႔ တင္ပို႔ေတာ့မည္

ျမန္မာႏိုင္ငံတြင္ ထုတ္လုပ္သည့္ တံတားသံေပါင္မ်ားအား အာဖရိကသို႔ တင္ပို႔ရန္ ႀကိဳးပမ္းေနေၾကာင္း J&M ကုမၸဏီမွ Managing Director Wataru AKENO က ေျပာသည္။

J&M ကုမၸဏီသည္ ျမန္မာအစိုးရႏွင့္ ဂ်ပန္JFEကုမၸဏီတို႔ ပူးေပါင္းတည္ေထာင္ထားသည့္ကုမၸဏီျဖစ္သည္။ဂ်ပန္ႏိုင္ငံရွိ JFE ကုမၸဏီမွ ရရွိသည့္ ODA တင္ဒါမွတဆင့္ ျမန္မာတြင္ ထုတ္လုပ္ေသာတံတားသံေပါင္မ်ား ျပည္ပသို႔ပါ တင္ပို႔လွ်က္ရွိေနသည္။

” အခု ဂ်ပန္ႏိုင္ငံမွာ JFE Engineering ODAရဲ႕ တင္ဒါက အာဖရိကမွာ ေဆာက္မယ့္ တံတားအတြက္ တင္ဒါၿပိဳင္ေနတာရွိတယ္။ တကယ္လို႔ ဂ်ပန္ႏိုင္ငံက JFE ကုမၸဏီက ရခဲ့မယ္ဆိုလို႔ရွိရင္ J&Mကို ျပန္လည္ၿပီး အပ္ႏွံမွာ ျဖစ္ပါတယ္ ” ဟု J&M Managing Director ကေျပာသည္။

ယင္းစက္႐ုံသည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ JFE Corporation တို႔ Joint Venture ကုမၸဏီအျဖစ္ တည္ေဆာက္ထားေသာ J & M Steel Solutionစက္႐ုံျဖစ္သည္။

“ဂ်ပန္ႏိုင္ငံ ရဲ႕ စံခ်ိန္စံၫႊန္းနဲ႔ အညီျပည္တြင္းမွာ ထုတ္လုပ္ေပးေနတာေပါ့။ျပည္ပပို႔ကုန္ကို ေလွ်ာ့ခ်ဖို႔နဲ႔ ျပည္ပဝင္ေငြတိုးတာေပါ့။အေရွ႕ေတာင္ အာရွ၊အာရွ၊ ဗီယက္နမ္၊လာအိုတို႔အတြက္ ၿပီးေတာ့ ပုသိမ္တံတား၊အတၱရံတံတား ဒီတံတားေတြအတြက္လည္း ထုတ္လုပ္ေပးေနပါတယ္။

ေနာက္ၿပီး ဂ်ပန္ အိုဒီေအ ေခ်းေငြနဲ႔ တည္ေဆာက္တဲ့ တံတားေတြအတြက္ပါ ထုတ္လုပ္ေပးေနပါတယ္”ဟု ဒုၫႊန္ခ်ဳပ္က ရွင္းျပသည္။အဆိုပါစက္႐ုံသည္ ယခုအခါ ေဒသတြင္းႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေသာ္လည္းေနာင္တြင္ ေဒသတြင္းႏိုင္ငံမ်ားသာမက အျခားအာရွႏိုင္ငံ မ်ားသို႔ပါ တင္ပို႔ေရာင္းခ်ႏိုင္ေရး ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ရည္မွန္းထားသည္။

ထုတ္လုပ္မႈ တန္ခ်ိန္အေနျဖင့္ ၂၀၁၄ခုႏွစ္တြင္ တန္ ၉၀၀၀၊ ၂၀၁၅ခုႏွစ္တြင္ တန္ခ်ိန္ ၂၁၇၀၀၊ ၂၀၁၆ခုႏွစ္တြင္ တန္ခ်ိန္ ၁၈၅၀၀၊ ၂၀၁၇ခုႏွစ္တြင္ တန္ခ်ိန္ ၁၆၀၀၀၊ ၂၀၁၈ခုႏွစ္တြင္ တန္ခ်ိန္၅၃၅၀ႏွင့္ ၂၀၁၉ခုႏွစ္တြင္တန္ခ်ိန္၁၈၅၀၀ရွိေၾကာင္း သိရသည္။ႏိုင္ငံျခားကို တင္ပို႔မႈအေနျဖင့္ ၂၀၁၄ခုႏွစ္တြင္ တန္ခ်ိန္ ၁၅၀၀၊ ၂၀၁၅ခုႏွစ္တြင္ တန္ခ်ိန္ ၁၇၀၀၀၊ ၂၀၁၆ခုႏွစ္တြင္ တန္ခ်ိန္ ၆၄၀၀၊ ၂၀၁၇ခုႏွစ္တြင္ တန္ခ်ိန္ ၈၉၀၀၊၂၀၁၈ခုႏွစ္တြင္ တန္ခ်ိန္ ၁၀၀၀ႏွင့္ ၂၀၁၉ခုႏွစ္တြင္ တန္ခ်ိန္ ၆၅၀၀ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ျပည္တြင္း၌လည္း ပဲခူးတံတား၊ ဒလျမစ္ကူးတံတားႏွင့္ EWEC စီးပြားေရးလမ္းသြယ္ႀကီး စီမံကိန္းမ်ားအတြက္လည္း သံေဘာင္တံတားမ်ား ထုတ္လုပ္လ်က္ရွိသည္။

Made in Myanmar အမွတ္တံဆိပ္တံတားသံေဘာင္မ်ားကို J&M ကုမၸဏီက ၂၀၁၄ခုႏွစ္တြင္ စတင္ထုတ္လုပ္ၿပီး အိႏၵိယ၊ဘဂၤလားေဒ့ရွ္စသည့္ ႏိုင္ငံမ်ားသို႔ တင္ပို႔လ်က္ရွိသည္။

ယူနီကုတ္

ကမ္ဘာဈေးကွက်ထဲ ထပ်မံဝင်ရောက်လာခဲ့တဲ့ Made in Myanmar အမှတ်တံဆိပ် ( သို့မဟုတ် ) မြန်မာနိုင်ငံထုတ် တံတားသံပေါင်များအား အာဖရိကနိုင်ငံသို့ တင်ပို့တော့မည်

မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် တံတားသံပေါင်များအား အာဖရိကသို့ တင်ပို့ရန် ကြိုးပမ်းနေကြောင်း J&M ကုမ္ပဏီမှ Managing Director Wataru AKENO က ပြောသည်။

J&M ကုမ္ပဏီသည် မြန်မာအစိုးရနှင့် ဂျပန်JFEကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသည့်ကုမ္ပဏီဖြစ်သည်။ဂျပန်နိုင်ငံရှိ JFE ကုမ္ပဏီမှ ရရှိသည့် ODA တင်ဒါမှတဆင့် မြန်မာတွင် ထုတ်လုပ်သောတံတားသံပေါင်များ ပြည်ပသို့ပါ တင်ပို့လျှက်ရှိနေသည်။

” အခု ဂျပန်နိုင်ငံမှာ JFE Engineering ODAရဲ့ တင်ဒါက အာဖရိကမှာ ဆောက်မယ့် တံတားအတွက် တင်ဒါပြိုင်နေတာရှိတယ်။ တကယ်လို့ ဂျပန်နိုင်ငံက JFE ကုမ္ပဏီက ရခဲ့မယ်ဆိုလို့ရှိရင် J&Mကို ပြန်လည်ပြီး အပ်နှံမှာ ဖြစ်ပါတယ် ” ဟု J&M Managing Director ကပြောသည်။

ယင်းစက်ရုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JFE Corporation တို့ Joint Venture ကုမ္ပဏီအဖြစ် တည်ဆောက်ထားသော J & M Steel Solutionစက်ရုံဖြစ်သည်။

“ဂျပန်နိုင်ငံ ရဲ့ စံချိန်စံညွှန်းနဲ့ အညီပြည်တွင်းမှာ ထုတ်လုပ်ပေးနေတာပေါ့။ပြည်ပပို့ကုန်ကို လျှော့ချဖို့နဲ့ ပြည်ပဝင်ငွေတိုးတာပေါ့။အရှေ့တောင် အာရှ၊အာရှ၊ ဗီယက်နမ်၊လာအိုတို့အတွက် ပြီးတော့ ပုသိမ်တံတား၊အတ္တရံတံတား ဒီတံတားတွေအတွက်လည်း ထုတ်လုပ်ပေးနေပါတယ်။

နောက်ပြီး ဂျပန် အိုဒီအေ ချေးငွေနဲ့ တည်ဆောက်တဲ့ တံတားတွေအတွက်ပါ ထုတ်လုပ်ပေးနေပါတယ်”ဟု ဒုညွှန်ချုပ်က ရှင်းပြသည်။အဆိုပါစက်ရုံသည် ယခုအခါ ဒေသတွင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သော်လည်းနောင်တွင် ဒေသတွင်းနိုင်ငံများသာမက အခြားအာရှနိုင်ငံ များသို့ပါ တင်ပို့ရောင်းချနိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်မှန်းထားသည်။

ထုတ်လုပ်မှု တန်ချိန်အနေဖြင့် ၂၀၁၄ခုနှစ်တွင် တန် ၉၀၀၀၊ ၂၀၁၅ခုနှစ်တွင် တန်ချိန် ၂၁၇၀၀၊ ၂၀၁၆ခုနှစ်တွင် တန်ချိန် ၁၈၅၀၀၊ ၂၀၁၇ခုနှစ်တွင် တန်ချိန် ၁၆၀၀၀၊ ၂၀၁၈ခုနှစ်တွင် တန်ချိန်၅၃၅၀နှင့် ၂၀၁၉ခုနှစ်တွင်တန်ချိန်၁၈၅၀၀ရှိကြောင်း သိရသည်။နိုင်ငံခြားကို တင်ပို့မှုအနေဖြင့် ၂၀၁၄ခုနှစ်တွင် တန်ချိန် ၁၅၀၀၊ ၂၀၁၅ခုနှစ်တွင် တန်ချိန် ၁၇၀၀၀၊ ၂၀၁၆ခုနှစ်တွင် တန်ချိန် ၆၄၀၀၊ ၂၀၁၇ခုနှစ်တွင် တန်ချိန် ၈၉၀၀၊၂၀၁၈ခုနှစ်တွင် တန်ချိန် ၁၀၀၀နှင့် ၂၀၁၉ခုနှစ်တွင် တန်ချိန် ၆၅၀၀ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်တွင်း၌လည်း ပဲခူးတံတား၊ ဒလမြစ်ကူးတံတားနှင့် EWEC စီးပွားရေးလမ်းသွယ်ကြီး စီမံကိန်းများအတွက်လည်း သံဘောင်တံတားများ ထုတ်လုပ်လျက်ရှိသည်။

Made in Myanmar အမှတ်တံဆိပ်တံတားသံဘောင်များကို J&M ကုမ္ပဏီက ၂၀၁၄ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *