News

ကနီ နဲ့ ယင်းမာပင် မှာ ဘာကြောင့် စခတွေ အကျအဆုံး များလာရတာလဲ? ( ပြည်သူ့ကာကွယ်ရေးတွေ ရဲ့ ပြောင်းလဲလာတဲ့ ဗျူဟာသစ်တေကို မခံကြတော့ဘူး။…..)

Written by fella

ကနီ နဲ့ ယင်းမာပင် မှာ ဘာကြောင့် စခတွေ အကျအဆုံး များလာရတာလဲ? (

တစ်နိုင်ငံလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တဲ့ တိုက်ပွဲက သပြေအေး တိုက်ပွဲ ဖြစ်ပါတယ်။ အကြောင်းအရင်း က ဦးဆောင် ဆရာတော်ကို လာဖမ်းတာကနေ ဖြစ်တာပါ။ စခ တွေဟာ မြို့တွေမှာ run တဲ့ အထာအတိုင်း ကား ၄ စီး အင်အားအပြည့် နဲ့ ရွာထဲကို ဝင်လာပါတယ်။ ထုံးစံအတိုင်း ရိုတ်နက် ညှင်းပန်းတာတွေ ဖြစ်လာတော့ ရွာခံတွေက ပြန်ခုခံရင်းကနေ စဖြစ်ကြတာပါ။ သပြေအေး ဆိုတဲ့ ရွာလေးက ခပ်သေးသေးလေး ၊ အိမ်ခြေ ၁၀၀ တောင် ရှိပါ့မလား မသိဘူး။ တိုက်ပွဲက ၄ နာရီ မထိုးခင်လောက်မှာ ဖြစ်တယ်။

ကိုယ်တွေနယ် က ကာကွယ်ရေးတွေက တူမီးလေ့ကျင့်ရင်း စိတ်ဓာတ်ကြွနေတဲ့ အချိန် ၊ လက်တည့် စမ်းချင်တာ နဲ့ ကွက်တိ ဖြစ်သွားတယ်။ မနက် မိုးလင်းတာနဲ့ တိုက်ပွဲ ဖြစ်တဲ့ နေရာကို ယင်းမာပင် ၊ ကနီ ၊ ဆားလင်းကြီး ၊ ပုလဲ နယ်ထဲက ရွာ ကာကွယ်ရေး အဖွဲ့တွေ အားလုံး တစ်ဖွဲဖွဲရောက်လာတယ်။ အင်းအားက စုစုပေါင်း ၁၅၀၀၀ အထက်မှာ ရှိမယ်။ ရွာထဲမှာ ရှိနေတဲ့ စခတွေကို ဝိုင်းထားတယ်။ ရွာက အိမ်တွေ ထိမှာ စိုးလို့ သိပ်တော့ မလုပ်ကြဘူး။ စခတွေက သူတို့ အဝိုင်းခံရတော့ စစ်ကူတောင်းတယ်။ လာနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကြပြန်တယ်။ နေ့ခင်းပိုင်းရောက်တော့ သူတို့ အခြေအနေ မဟန်တော့မှန်းသဘောပေါက်ပြီး စက်သေနပ်တွေ တရစပ်ပစ်ကာ ဖောက်ထွက်တယ်။

မီဒီယာတွေကတော့ အဲဒီပွဲမှာ စခ ၄၀ ကျော်လောက် ကျတယ်လို့ ရေးကြပေမယ့် တကယ့်မြေပြင်မှာတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ ချင်းတွင်းမြစ် အနောက်ကမ်းက ပြည်သူတွေဟာ အဖွင့်ပွဲမှာပဲ ဝိုင်းဆော်လိုက်ရတော့ စိတ်ဓာတ်တွေ အရမ်းတက်သွားကြတယ်။ အဲဒီ အချက်က တစ်ခဏတာ လမ်းမှားဖို့ အစပျိုးလိုက် သလိုပဲ။

တစ်နေရာရာမှာ တိုက်ပွဲ ဖြစ်တော့မယ်တဲ့ ဆိုတဲ့ သတင်းထွက်တာ နဲ့ ကာကွယ်ရေးတွေက အစုလိုက် အပြုံလိုက် ရောက်လာကြတာ။ ယင်းမာပင် နယ်ထဲဖြစ်ရင် ကနီက လာပူးပေါင်းတယ်။ ကနီ ဖြစ်ရင်လဲ ယင်းမာပင် နယ်သားတွေ ပါတာပဲ။ ပထမဆုံး ပွဲဦးထွက်မှာ အင်အား အလုံးအရင်း နဲ့ ဖိလိုက်ရတော့ ၊ နောက်ပွဲတွေလဲ အဲဒီ ဗျူဟာ အတိုင်း ဆက်သုံးတယ်။ ဒါပေမယ့် စခ တွေက ပရိုတွေ ဆိုတော့ ဗျူဟာ ချက်ခြင်း ပြောင်းတယ်။ တဖက်က အင်အား အဆမတန် များတာလဲ သိတယ်။

တူမီး က အကွာအဝေး အများကြီး မရောက်တာကိုလဲ သဘောပေါက်တယ်။ ဒါကြောင့် သူတို့ဟာ သပြေအေး ပွဲပြီး ကတည်းက ရိုးရိုး သေနပ် မသုံးတော့ဘူး။ အဝေးကနေ စက်သေနပ် နဲ့ တရစပ် ပတ်ဆွဲတာပဲ။ လည်ရှည် ဇရပ် တိုက်ပွဲမှာ ပြည်သူတွေ တော်တော်များများ ကျဆုံးပြီး ၊ ၇ ယောက်လောက် အဖမ်းခံလိုက်ရတာ အဲဒီ အကြောင်းအရင်းတွေကြောင့်။

နောက်တော့ ဒရုန်းတွေနဲ့ လမ်းကြောင်း ကြိုကြည့်တယ်။ RPG တွေ နဲ့ပါ လှမ်းထုတော့တာ။ တစ်ဖက်က တူမီး သမားတွေဖြင့် ဘယ်နေရာကနေ ထုလို့ ထုမှန်းမသိဘူး။ ပြန်ပစ်ရအောင်လဲ ရန်သူကို လှမ်းမမြင်ရဘူး။ ကစဉ့်ကလျားတွေနဲ့ ပြေးရတာပဲ။ အဲဒီလို နဲ့ ကြားထဲက ၁၀ ပွဲလောက် ဟာ ဗျူဟာ အမှားတွေ ၊ ကိုယ့်ဘက်က အရေအတွက်များတဲ့ အချက်ကို အားကိုးလွန်းတာတွေကြောင့် တော်တော် ခံလိုက်ရသေးတယ်။ သင်ခန်းစာ ဆိုတာ အတွေ့အကြုံကနေ ယူရတယ် ဆိုတဲ့ စကားအတိုင်း ကာကွယ်ရေးတွေက ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေကို သိပ်ပြီး အာရုံ မကျတော့ဘူး။ ခြုံခို တိုက်ပွဲတွေ ၊ မိုင်းဆွဲတာတွေ နဲ့ ပျောက်ကြား လုပ်ဖို့ ပိုပြီး အားစိုက်လာကြတယ်။

ပထမဆုံး အောင်မြင်မှုက မုံရွာ – ကလေးဝ – ယာကြီးလမ်း ၊ မိုင်တိုင် ၁၈ အနီးက မှန်တောင် အတက်မှာ ချောင်းခွဲတဲ့ မိုင်းပဲ။ အသံကလဲ ကျယ်တယ် ။ ကားတစ်စီး ချက်ခြင်း မီးတွေလောင်တာ ကိုယ့်အိမ်ကနေ မီးခိုးတန်းကြီး အတိုင်းသား မြင်လိုက်ရတယ်။ အဲဒီက စလို့ ဗျူဟာတွေက တစ်ဖြေးဖြေး ပြောင်းလာတော့တာပဲ။ ရွာသားတွေဟာ သေနပ် ပစ်ထက် ဖောက်ခွဲရေးတွေ ပိုပြီး လေ့ကျင့်လာတယ်။ စမ်းသပ်တယ် ။ ပိုကောင်းအောင် ထပ်ပြီးထပ်ပြီး ပြုပြင်ယူကြတယ်။ အခုတော့ စခတွေ နယ်မြေနင်းပြီ ဆိုတဲ့သတင်း ကြားလဲ ၊ လွန်ခဲ့တဲ့ တစ်လ လောက်ကလို စစ်ကူတွေ ကြိုပြီး မခေါ်ကြတော့ဘူး။ ကိုယ့်ရွာနားနီး ရင် ကိုယ့်ဖာသာ တိတ်တိတ်လေး ချောင်းချကြတော့တာ။ အပြန်အလှန်ပစ်တာမျိုးတွေ အထိ ဖြစ်လာရင်တော့ ဘေးရွာတွေက ချက်ခြင်း အားပေးဖို့ ရံထားကြတာ။

ဟိုနေ့က သလောက်ရွာ အနား မိုင်းဆွဲခံရတာ ၊ မနေ့က ယာကြီး မရောက်ခင်မှာ ထပ်ဆွဲခံရတာတွေဟာ ပြည်သူ့ကာကွယ်ရေးတွေ ရဲ့ ပြောင်းလဲလာတဲ့ ဗျူဟာသစ်တွေပဲ။ အဲဒီ နှစ်ပွဲဆိုရင် စခ စုစုပေါင်း ၁၃ ယောက်ထက် မနည်း အော်ဂဲနစ် ဖာတီလိုက်ဇာ ဖြစ်ပြီး ၊ ဒဏ်ရာရသူလဲ တော်တော်များမှာ။ ပြည်သူဘက်ကတော့ ချွေးတောင် မထွက်လိုက်ဘူး။

#crd

#အရေးတော်ပုံအောင်ရမည်

ေဇာ္ဂ်ီ

ကနီ နဲ႔ ယင္းမာပင္ မွာ ဘာေၾကာင့္ စခေတြ အက်အဆုံး မ်ားလာရတာလဲ? ( ျပည္သူ႔ကာကြယ္ေရးေတြ ရဲ႕ ေျပာင္းလဲလာတဲ့ ဗ်ဴဟာသစ္ေတကို မခံႀကေတာ့ဘူး။…..)

တစ္ႏိုင္ငံလုံးကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစခဲ့တဲ့ တိုက္ပြဲက သေျပေအး တိုက္ပြဲ ျဖစ္ပါတယ္။ အေၾကာင္းအရင္း က ဦးေဆာင္ ဆရာေတာ္ကို လာဖမ္းတာကေန ျဖစ္တာပါ။ စခ ေတြဟာ ၿမိဳ႕ေတြမွာ run တဲ့ အထာအတိုင္း ကား ၄ စီး အင္အားအျပည့္ နဲ႔ ႐ြာထဲကို ဝင္လာပါတယ္။ ထုံးစံအတိုင္း ႐ိုတ္နက္ ညႇင္းပန္းတာေတြ ျဖစ္လာေတာ့ ႐ြာခံေတြက ျပန္ခုခံရင္းကေန စျဖစ္ၾကတာပါ။ သေျပေအး ဆိုတဲ့ ႐ြာေလးက ခပ္ေသးေသးေလး ၊ အိမ္ေျခ ၁၀၀ ေတာင္ ရွိပါ့မလား မသိဘူး။ တိုက္ပြဲက ၄ နာရီ မထိုးခင္ေလာက္မွာ ျဖစ္တယ္။

ကိုယ္ေတြနယ္ က ကာကြယ္ေရးေတြက တူမီးေလ့က်င့္ရင္း စိတ္ဓာတ္ႂကြေနတဲ့ အခ်ိန္ ၊ လက္တည့္ စမ္းခ်င္တာ နဲ႔ ကြက္တိ ျဖစ္သြားတယ္။ မနက္ မိုးလင္းတာနဲ႔ တိုက္ပြဲ ျဖစ္တဲ့ ေနရာကို ယင္းမာပင္ ၊ ကနီ ၊ ဆားလင္းႀကီး ၊ ပုလဲ နယ္ထဲက ႐ြာ ကာကြယ္ေရး အဖြဲ႕ေတြ အားလုံး တစ္ဖြဲဖြဲေရာက္လာတယ္။ အင္းအားက စုစုေပါင္း ၁၅၀၀၀ အထက္မွာ ရွိမယ္။ ႐ြာထဲမွာ ရွိေနတဲ့ စခေတြကို ဝိုင္းထားတယ္။ ႐ြာက အိမ္ေတြ ထိမွာ စိုးလို႔ သိပ္ေတာ့ မလုပ္ၾကဘူး။ စခေတြက သူတို႔ အဝိုင္းခံရေတာ့ စစ္ကူေတာင္းတယ္။ လာႏိုင္တဲ့ လမ္းေၾကာင္းေတြကို ပိတ္ဆို႔ၾကျပန္တယ္။ ေန႔ခင္းပိုင္းေရာက္ေတာ့ သူတို႔ အေျခအေန မဟန္ေတာ့မွန္းသေဘာေပါက္ၿပီး စက္ေသနပ္ေတြ တရစပ္ပစ္ကာ ေဖာက္ထြက္တယ္။

မီဒီယာေတြကေတာ့ အဲဒီပြဲမွာ စခ ၄၀ ေက်ာ္ေလာက္ က်တယ္လို႔ ေရးၾကေပမယ့္ တကယ့္ေျမျပင္မွာေတာ့ အတည္မျပဳႏိုင္ခဲ့ပါဘူး။ ခ်င္းတြင္းျမစ္ အေနာက္ကမ္းက ျပည္သူေတြဟာ အဖြင့္ပြဲမွာပဲ ဝိုင္းေဆာ္လိုက္ရေတာ့ စိတ္ဓာတ္ေတြ အရမ္းတက္သြားၾကတယ္။ အဲဒီ အခ်က္က တစ္ခဏတာ လမ္းမွားဖို႔ အစပ်ိဳးလိုက္ သလိုပဲ။

တစ္ေနရာရာမွာ တိုက္ပြဲ ျဖစ္ေတာ့မယ္တဲ့ ဆိုတဲ့ သတင္းထြက္တာ နဲ႔ ကာကြယ္ေရးေတြက အစုလိုက္ အၿပဳံလိုက္ ေရာက္လာၾကတာ။ ယင္းမာပင္ နယ္ထဲျဖစ္ရင္ ကနီက လာပူးေပါင္းတယ္။ ကနီ ျဖစ္ရင္လဲ ယင္းမာပင္ နယ္သားေတြ ပါတာပဲ။ ပထမဆုံး ပြဲဦးထြက္မွာ အင္အား အလုံးအရင္း နဲ႔ ဖိလိုက္ရေတာ့ ၊ ေနာက္ပြဲေတြလဲ အဲဒီ ဗ်ဴဟာ အတိုင္း ဆက္သုံးတယ္။ ဒါေပမယ့္ စခ ေတြက ပ႐ိုေတြ ဆိုေတာ့ ဗ်ဴဟာ ခ်က္ျခင္း ေျပာင္းတယ္။ တဖက္က အင္အား အဆမတန္ မ်ားတာလဲ သိတယ္။

တူမီး က အကြာအေဝး အမ်ားႀကီး မေရာက္တာကိုလဲ သေဘာေပါက္တယ္။ ဒါေၾကာင့္ သူတို႔ဟာ သေျပေအး ပြဲၿပီး ကတည္းက ႐ိုး႐ိုး ေသနပ္ မသုံးေတာ့ဘူး။ အေဝးကေန စက္ေသနပ္ နဲ႔ တရစပ္ ပတ္ဆြဲတာပဲ။ လည္ရွည္ ဇရပ္ တိုက္ပြဲမွာ ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ား က်ဆုံးၿပီး ၊ ၇ ေယာက္ေလာက္ အဖမ္းခံလိုက္ရတာ အဲဒီ အေၾကာင္းအရင္းေတြေၾကာင့္။

ေနာက္ေတာ့ ဒ႐ုန္းေတြနဲ႔ လမ္းေၾကာင္း ႀကိဳၾကည့္တယ္။ RPG ေတြ နဲ႔ပါ လွမ္းထုေတာ့တာ။ တစ္ဖက္က တူမီး သမားေတြျဖင့္ ဘယ္ေနရာကေန ထုလို႔ ထုမွန္းမသိဘူး။ ျပန္ပစ္ရေအာင္လဲ ရန္သူကို လွမ္းမျမင္ရဘူး။ ကစဥ့္ကလ်ားေတြနဲ႔ ေျပးရတာပဲ။ အဲဒီလို နဲ႔ ၾကားထဲက ၁၀ ပြဲေလာက္ ဟာ ဗ်ဴဟာ အမွားေတြ ၊ ကိုယ့္ဘက္က အေရအတြက္မ်ားတဲ့ အခ်က္ကို အားကိုးလြန္းတာေတြေၾကာင့္ ေတာ္ေတာ္ ခံလိုက္ရေသးတယ္။ သင္ခန္းစာ ဆိုတာ အေတြ႕အႀကဳံကေန ယူရတယ္ ဆိုတဲ့ စကားအတိုင္း ကာကြယ္ေရးေတြက ထိပ္တိုက္ ရင္ဆိုင္ တိုက္ပြဲေတြကို သိပ္ၿပီး အာ႐ုံ မက်ေတာ့ဘူး။ ၿခဳံခို တိုက္ပြဲေတြ ၊ မိုင္းဆြဲတာေတြ နဲ႔ ေပ်ာက္ၾကား လုပ္ဖို႔ ပိုၿပီး အားစိုက္လာၾကတယ္။

ပထမဆုံး ေအာင္ျမင္မႈက မုံ႐ြာ – ကေလးဝ – ယာႀကီးလမ္း ၊ မိုင္တိုင္ ၁၈ အနီးက မွန္ေတာင္ အတက္မွာ ေခ်ာင္းခြဲတဲ့ မိုင္းပဲ။ အသံကလဲ က်ယ္တယ္ ။ ကားတစ္စီး ခ်က္ျခင္း မီးေတြေလာင္တာ ကိုယ့္အိမ္ကေန မီးခိုးတန္းႀကီး အတိုင္းသား ျမင္လိုက္ရတယ္။ အဲဒီက စလို႔ ဗ်ဴဟာေတြက တစ္ေျဖးေျဖး ေျပာင္းလာေတာ့တာပဲ။ ႐ြာသားေတြဟာ ေသနပ္ ပစ္ထက္ ေဖာက္ခြဲေရးေတြ ပိုၿပီး ေလ့က်င့္လာတယ္။ စမ္းသပ္တယ္ ။ ပိုေကာင္းေအာင္ ထပ္ၿပီးထပ္ၿပီး ျပဳျပင္ယူၾကတယ္။ အခုေတာ့ စခေတြ နယ္ေျမနင္းၿပီ ဆိုတဲ့သတင္း ၾကားလဲ ၊ လြန္ခဲ့တဲ့ တစ္လ ေလာက္ကလို စစ္ကူေတြ ႀကိဳၿပီး မေခၚၾကေတာ့ဘူး။ ကိုယ့္႐ြာနားနီး ရင္ ကိုယ့္ဖာသာ တိတ္တိတ္ေလး ေခ်ာင္းခ်ၾကေတာ့တာ။ အျပန္အလွန္ပစ္တာမ်ိဳးေတြ အထိ ျဖစ္လာရင္ေတာ့ ေဘး႐ြာေတြက ခ်က္ျခင္း အားေပးဖို႔ ရံထားၾကတာ။

ဟိုေန႔က သေလာက္႐ြာ အနား မိုင္းဆြဲခံရတာ ၊ မေန႔က ယာႀကီး မေရာက္ခင္မွာ ထပ္ဆြဲခံရတာေတြဟာ ျပည္သူ႔ကာကြယ္ေရးေတြ ရဲ႕ ေျပာင္းလဲလာတဲ့ ဗ်ဴဟာသစ္ေတြပဲ။ အဲဒီ ႏွစ္ပြဲဆိုရင္ စခ စုစုေပါင္း ၁၃ ေယာက္ထက္ မနည္း ေအာ္ဂဲနစ္ ဖာတီလိုက္ဇာ ျဖစ္ၿပီး ၊ ဒဏ္ရာရသူလဲ ေတာ္ေတာ္မ်ားမွာ။ ျပည္သူဘက္ကေတာ့ ေခြၽးေတာင္ မထြက္လိုက္ဘူး။

#crd

#အေရးေတာ္ပုံေအာင္ရမည္

About the author

fella

Leave a Comment